မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တော်လှန်သူတယောက်၏ ကိုယ်ရေးရာဇ၀င် အကျဉ်း


ပြီးခဲ့တဲ့ (၂၇၊ ၀၅၊ ၀၉) ရက်နေ့က NLD လွတ်မြောက်နယ်မြေမှ ဆစ်ဒနီမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ်နေ့မှာ အမှာစကား ပြောကြားနေစဉ်


ကျွန်မတို့ နေတဲ့ ဆစ်ဒနီမြို့ရှိ မြန်မာ ကွန်မြူနီတီမှာ လုပ်တဲ့ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး အခမ်းအနားတိုင်းမှာ အမြဲတမ်း တက်တက်ကြွကြွ ပါဝင်လေ့ရှိပြီး အခုချိန်မှာ အသက် ၈၆ နှစ် ရှိနေပြီ ဖြစ်တဲ့ အဘ တယောက်ကို ရောက်ကတည်းက သတိထားမိပါတယ်။ နောက်ပိုင်း အခမ်းအနားတွေမှာ ပြောတဲ့ သူ့ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့ လူချင်းရင်းနှီးသွားတဲ့ အချိန်မှာ ပြောပြတဲ့ BIA တော်လှန်ရေးကာလနှင့် BDA မှာ ပါဝင်ခဲ့တာ အပါအ၀င် ၈၈ မှာ တောခိုခဲ့တယ်ဆိုတဲ့ ဘ၀ဖြတ်သန်းမှု စုံလှတဲ့ သူ့အကြောင်းကို ပိုစိတ်ဝင်စားသွားတယ်။ သူရေးတဲ့ ဆောင်းပါး တချို့ကိုလည်း ဆစ်ဒနီ မြန်မာလူမျိုးစု မြန်မာ့အသံက အသံလွှင့်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ နယူးဆောက်သ်ဝေး တက္ကသိုလ် တခုမှာ ဗြိတိသျှခေတ် မြန်မာနိုင်ငံ လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ အကြောင်း ပါရဂူဘွဲ့ လာတက်တဲ့ မိတ်ဆွေ တဦးကလည်း အဲဒီ အဘဆီက အချက်အလက်ကောင်းတွေ အများကြီး ရခဲ့တယ်လို့ ပြောပြဖူးပါတယ်။ သူ့မှာ ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ မဆလ၊ န၀တ နအဖခေတ်အထိ မတရားတဲ့ အစိုးရမှန်သမျှကို တိုက်ပွဲဝင်လာတဲ့ အတွေ့အကြုံတွေ ရှိသလို လွတ်လပ်ပြီးကာလ ပါလီမန် ဒီမိုကရေစီခေတ် မြန်မာနိုင်ငံသားတယောက် ဘ၀ကိုလည်း ဖြတ်သန်းလာခဲ့ပါတယ်။ ခေတ်စနစ်အားလုံးကို ဖြတ်သန်းလာခဲ့ဖူးသူ တယောက်ရဲ့ သမိုင်း အတွေ့အကြုံနဲ့ တိုင်းပြည်အပေါ် ထားရှိတဲ့ ခံယူချက်ကို ကျွန်မလည်း စိတ်ဝင်စားမိပြီး ဘလော့ဂ်မှာ တခါတလေ ဖေါ်ပြချင်စိတ် ဖြစ်လာပါတယ်။ ဒါကြောင့်မို့ သူ့ကို အကျိုးကြောင်း ရှင်းပြပြီး ကမ်းလှမ်းကြည့်တော့ သူကလည်း ၀မ်းသာအားရပဲ လက်ခံခဲ့လို့ သူရေးတဲ့ ဆောင်းပါးတချို့ကို  ဘလော့ဂ်မှာ မဖေါ်ပြခင် သူ့အကြောင်း အထုပ္ပတ္တိ အကျဉ်းလေးကို အရင်တင်လိုက်ပါတယ်။


(မြဝတီ) ရဲခေါင်၏ အထုပ္ပတိအကျဉ်း

မြစ်ဝကျွန်းပေါ်၊ ဖျာပုံမြို့တွင် အဖ ဦးတျန်ဆိုင်၊ အမိဒေါ်ေ၇ွှမှတ်တို့မှ ၁၉၂၄ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် မွေးဖွားသည်၊ ၁၉၂၉ ခုနှစ်တွင် ဖျာပုံ A.B.M ကျောင်း၊ ၁၉၃၂ ခုနှစ်တွင် စတုတ္ထတန်းအောင်ကာ ရန်ကုန်မြို့မအထက်ကျောင်း၊ ၁၉၃၉ခုနှစ်တွင် နဝမတန်းအောင်းပြီး အင်္ဂလိပ်-ဂျပန်စစ်ဖြစ်ပြီးနောက် (BIA) ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရာက်ခဲ့သည်။

၁၉၄၂ ခုနှစ်တွင် (BIA) ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖျက်သိမ်း၍ အင်းအား (၅၀၀၀) ကျော်မျှရှိသော (BDA) ဗမာ့ကားကွယ်ရေးတပ်မတော်အား ပျဉ်းမနားမြို့၌ ရှေးဦးစွာ ဖွဲ့စည်းစဉ်းက တပ်ရင်း(၃) တပ်ခွဲ (၂) ၌ ‘အရာခံတပ်ကြပ်’ အဖြစ်လည်းကောင်း၊ ထိုနောက် တပ်ရင်း (၆)၊ တပ်ခွဲ (၂) ၌ ‘တပ်ကြပ်’ အဖြစ်လည်းကောင်း၊ တဖန် စက်မူလက်မူတပ်ရင်း၌ ‘ တပ်ကြပ်’ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုကနောက် ရန်ကုန်မြို့ ‘ နိုင်ငံတော်အဓိပတိ’ ကိုယ်ရံတော်ကင်းတပ်၌ တာဝန်ထမ်းဆောင်နေစဉ် ‘ နိုင်ငံတော် အဓိပတိလုပ်ကြံမူကြီး’ ဖြစ်ခဲ့ပါသည်။ ထိုမှတဖန် စစ်ဥပဒေဌာန၌ တပ်ကြပ်ကြီး-စာရေးအဖြစ်အမူထမ်းခဲ့သည်။

၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် (ရဲဘော် -၃- ကျိပ်ဝင်) ဗိုလ်မှူးအောင် နှင့် ဗိုလ်ရန်အောင်တို့၏ တာဝန်ပေးချက်အရ -ကာမမြို့နယ်- အင်ဖက်တေါတိုက်နယ်အတွင်းရှိ ရွာပေါင်း (၄၁) ရွာကိုစုစည်းလျှက်၊ ‘တိုက်နယ်- နိင်ငံရေးမှူး’ အဖြစ် ဖက်ဆစ်-ဂျပန်များအါး- တော်လှန်တိုက်ခိုက်ခဲ့သည်။ ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ‘လက်နက်မူ+ သူပုန်ထရန်ကြံစည်မူ’ ပုဒ်မ ၂- ခုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ (၁၉၄၅) ခုနှစ် တွင် ရန်ကုန်ထေါင် ထေါင်လုံးကျွတ် ထောင်ပြေးမူကြီးဖြစ်ပွား ပြန်ကာ…… (၁၉၄၆) ခုနှစ်တွင် ထေါင်(၇) နှစ် အပြစ်ဒဏ်ချမှတ် ခံခဲ့ရသည်။ အင်းစိန်ထေါင်ထဲ ပထမ သပိတ်ကြီးတွင် အချုပ်သားနှင့် အကျဉ်းသားများကို စည်းရုံး၍ ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် “ ထေါင် ဒုတိယသပိတ် ကြီးတွင် အစါးငတ်ခံ၍ ဆန္ဒပြခဲ့သည်။ (၁၉၅၁) ခုနှစ်တွင် ထေါင်မှ လွတ်မြောက် ခဲ့ရပါသည်။ ‘မြဝတီမဂ္ဂဇင်း’ တိုက်တွင်စါပြင်ဆရာဘဝမှ အယ်ဒီတာ အဖွဲ့ဝင်ဖြစ်လာသည်အထိ (၉/၁/၇၀) တိုင်အောင် လုပ်ကိုင်ခဲ့ပ့သည်။ ထိုနောက် (၁၉၅၈) တွင်မခင်လှိုင်နှင့် အိမ်ထောင်ကျ၍ သားလေးရောက် ထွန်းကားခဲ့ပါသည်။ ‘ဒီမိုကရေစီသတင်းစါ’ ၌ ည အယ်ဒီတါအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။

(၉/၁/၇၁) သို့ အရောက်တွင် ဝန်ကြီးချုပ်-ဦးနု ကြီးမူးသော (P.D.P) ‘ ပါလီမန်ထရီ ဒီမိုကရေစီ ပါတီ’ ‘စိတ်ဓါတ်စစ်ဆင်ရေး’ အသံလွင့်ဌာန၌ လက်ထောက်- ဌာနမှူါ်၊ (P.D.P) ဗဟိုကော်မတီဝင်။ (ပြည်ချစ်-လူငယ်- တပ်ပေါင်းစု) ဒုတိယ-ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး (၂၈/၈/၈၀) ခုနှစ်၌ ဥက္ကဌကြီး ဦးနု၏ - ၂ ကြိင်တိုင်တိုင် စါရေး-ခေါ်ယူချက်အရအရ တရားဝင် (မည်သည့်လက်နက်မျှ မပါ၊ မည်သည့်ကတိဝန်ခံချက်မျှမပေး၊ မည်သည့်စါချုပ်စါတမ်းမျှ လက်မှတ်မထိုးဘဲ) ကိုယ့်အိမ်ကိုယ်ပြန်နည်းအတိုင်း စစ်ဆေးရှားဖွေခြင်းမရှိ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်သွားခဲ့ကြရာ 

(၂၆/၁၂/၈၀) တွင် ‘ပိဋက- ဘါသါပြန်ဌာန’ ၌ လက်ထေါက်စာကြည့်တိုက်မှူးအဖြစ်လုပ်ကိုင်နေဆဲ (၁၃/၃/၈၈) တွင် ‘ဖုန်းမော်အရေးအခင်း’ စတင်ဖြစ်ပေါ်လါခဲ့ပြီး

 (၁၃/၃/၈၈) နေ့တွင် “ရနောင်” မှ ‘ဘုရား-၃-ဆူ’ သို့ကျောင်းသါးများနှင့် အတူရောက်ရှိပြီးနောက် ရှေးဦးစွာ (A.B.S.D.F) ကျောင်းသါးတပ်ရင်း( ၁၀၁) ရုံးအဖွဲ၌ စတင်လုပ်ကိုင်၍ (၆) လခန့်အကြာတွင် ‘ ကျောင်းသါးတပ်ရင်း’ (၁၀၁) မှနှုတ်ထွက်ကါ၊ (ဒ.ည.တ) ၏ အတွင်းရေးမှူးအဖွဲ့ ဝင်နှင့် ဥပဒေ-အကြံပေး အဖွဲ့အဖြစ်ဆေါင်ရွက်ခဲ့သည်။ တဖန် ခေတ်ပြိုင်ဂျာနယ် ပေါ်ပေါက်လါသော်အခါ မြန်မာပိုင်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် ယိုးဒယားပြည် (မနီလှိုင်) မြန်မာကျောင်းသါများအသင်း၏ (B.S.A) နာယကအဖြစ် (၃) နှစ်ကျော် တါဝန်ယူခဲ့သည်။ 

(၁၂/၃/၉၈) ၌ သြော်စတေးလျားနိုင်ငံသို့ ရောက်ရှိသည်။ ထိုနောက် (၂၇/၃/၂၀၀၃) တွင် ယိုးဒယား- နိုင်ငံအတွင်း ဖွဲ့စည်းသည့် (P.W.V.B) ‘ မျိုးချစ်စစ်မူထမ်းဟောင်းများအသင်း’ တွင်လည်း ပြည်ပရောက်စစ်မူထမ်းဟောါင်းများ၏ ဖိတ်ခေါ်ပန်ကြားတင်မြှောက်ထါးချက်အရ ယနေ့တိုင်အောင် ‘နာယက’ အဖြစ်တါဝန်ယူထားဆဲဖြစ်ပါသည်။

(မြဝတီ) ရဲခေါင်
(လွတ်လပ်ရေး-မော်ကွန်းဝင်- ပထမဆင့်) 

ဒီပို့စ်က 13/10/2009 ရက်နေ့ 10:45 AM မှာ တင်တဲ့ပို့စ်ဖြစ်ပြီး အဘဦးရဲခေါင်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (06/03/13) ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနှစ်တွင် ဘ၀တပါးသို့ ပြောင်းလဲကွယ်လွန် သွားပြီ ဖြစ်တဲ့အတွက် ဒီပို့စ်ကို ခဏ အပေါ် ပြန်တင်ထားလိုက်ပါတယ်။ 

အဘ ကောင်းရာသုဂတိ လားပါစေ..


16 comments:

အခုလို သမိုင်းမော်ကွန်းဝင် အဘ တယောက် တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်တယောက်ကို ဒီဘလောဂ့်မှတဆင့် ကြားသိရ၍ အလွန်ဝမ်း မြောက် မိပါ၏ တိုင်းပြည်အတွက် ပြည်သူဘက်မှ ယနေ့ထိတိုင် ဆက်လက်တိုက်ပွဲဝင်နေသည်ကြား၍ အတိုင်းမသိ ပီတဖြစ်မိပါ၏ ဆက်လက်၍ အဘ၏ ဆောင်းပါးများကိုလည်း စောင့်ဖတ်ချင်ပါတယ်၊ အခုလို မိတ်ဆက်ပေးတဲ့ မငယ်နိုင်ကိုလည်း ကျေးဇူးတင်ပါတယ်

အာဇာနည်တိုင်း သမိုင်းမမေ့ ဆိုတဲ့ အတိုင်းပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အခုချိန်အထိ တာဝန်ကျေတဲ့ တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည် အဘကို လေးစားပါတယ်

မငယ်နိုင်ရေ..
word verification ဖြုတ်ဖို့က
Dashboard ထဲက Setting....>> comments က (၁၀)ခုမြောက်မှာ show word verification ကို No ရွေးပေးရုံပါပဲ။ စီဘောက်ထဲမှာ အများကြီးရေးနေရမှာစိုးလို့ ဒီလာပြောတာပါ။ ပို့စ်နဲ့ မဆိုင်တဲ့ ကောမန့်ဖြစ်နေတယ်။ အစ်မ ဖတ်ပြီးရင် ဖျက်လို့ ရပါတယ်။


sdl

တော်လှန်ရေး ၊ နိုင်ငံရေး အတွေ့ အကြုံတွေ အများကြီးရှိပြီး ခုချိန်ထိ မြန်မာပြည် အရေးအတွကိ အားကြိုးမာန်တက် လုပ်နေနိုင်သေးတဲ့  အဘ ဦးရဲခေါင် အား လေးစားမိပါတယ် ။ စိတ်ဝင်စားစရာ အားကျစရာ မှတ်သားစရာ ဘဝ အကြောင်းများကို စောင့်မျှော်နေပါတယ် ။

( word verification က ဖြုတ်လို့  မရသေးဘူးလား မငယ်နိုင်ရေ )

Sdl ပြောတဲ့အတိုင်း work verification ဖြုတ်ထားလိုက်ပါပြီ အဆင်ပြေသွားပြီ ထင်တယ်။ ဒီပို့စ်ကို လာဖတ်ပြီး အားပေးသွားကြတဲ့ ကိုဇော် မဆုမွန်နဲ့ kiki တို့ကို ကျေးဇူးတင်ပါတယ်။ အဘ ဦးရဲခေါင်ရဲ့ အတ္ထုပ္ပတ္တိကို အမျိုးသားက ရိုက်ပေးလို့ တင်သာတင်လိုက်တယ် ကျွန်မလည်း တခြားသူတွေနည်းတူ တင်ပြီးမှပဲ ဖတ်ဖြစ်ပါတယ်။ သူ့စာတွေက ပို့စ်တခါတင်စရာ အရွယ် ဆောင်းပါးတွေ နည်းပြီး လက်ရေးမူနဲ့ အရှည်ကြီးတွေ များလို့ ဘယ်အကြောင်းကို ဘယ်လိုလိုပုံစံ စတင်မယ်ဆိုတာ နောက်အားတဲ့အချိန် သေသေချာချာ ပြန်ကြည့်ပြီးမှ တင်ဖြစ်လိမ့်မယ်။ အခုလောလောဆယ်တော့ အလုပ်များနေသေးလို့ အမျိုးသားက စာရိုက်ပေးမှ တင်ဖြစ်တယ်။

လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်...
ကြားရတာနဲ့တင် ကြက်သီးထမိတယ်... ကိုယ်ကိုယ်တိုင်ရော သားစဉ်မြေးဆက်အထိပါ ဂုဏ်ယူနေနိုင်အောင်ကို ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့ စွမ်းဆောင်ဆဲ အဘရဲခေါင်ကို ဦးညွတ်ပါတယ်...
တစ်ချို့ အဖွဲ့အစည်းတွေ အဖြစ်အပျက်တွေကို အရင်က ကြားတောင်မကြားဖူးဘူး ခုမှပဲ သိတယ် ကျေးဇူးပါပဲ မငယ်ရေ...

မြန်မာ့အရေးအတွက် လက်ရှိအချိန်အထိ တကယ်လုပ်ရှားနေတဲ့ (မြဝတီ) ဦးရဲခေါင်ကို စာဖတ်သူတွေနဲ့ အခုလို မိတ်ဆက်ပေးတာ ကျေးဇူးတင်တယ်အမရေ... သူရေးထားတဲ့ ဆောင်းပါတွေကိုလည်း စောင့်မျှော်နေပါကြောင်း--

မြ၀တီ ရဲခေါင် ကိုတော့.. အော်စီက.. နိုင်ငံရေး မြန်မာတွေ စိတ်ဝင်စားသူတိုင်း သိကြတယ်နော်..
ခုလို ရေးပြတာ ကျေးဇူးပဲ။

မကေရေ- အဘ ဦးရဲခေါင်ကို ကျွန်မက သူ့နိုင်ငံရေးအကြောင်း မသိခင် သက်ကြီးပူဇော်ပွဲ အခမ်းအနားမှာ စတွေ့ဖူးပြီး နောက်ပိုင်းလည်း ဘုန်းကြီးကျောင်းက အလှူအတန်း လုပ်တဲ့အချိန်တွေမှာပဲ အများဆုံး တွေ့ရပါတယ်။ နောက်တော့ ပြည်ချစ်ခေတ်က တော်လှန်ရေး သမားဟောင်းဆိုတာ သိခဲ့ပေမယ့် ထုံးစံအတိုင်း ကျွန်မတို့ ၈၈ မျိုးဆက် အတော်များများက ပြည်ချစ်ခေတ်က လူတွေကို သိပ်စိတ်မ၀င်စားကြဘူး။ ရောက်ပြီး တော်တော်ကြာမှ BIA မှာ ကတည်းက တော်လှန်ရေး လုပ်ခဲ့တယ်ဆိုတာ သိရပြီး စိတ်ဝင်စားသွားတယ်။ ၈၈ က ထွက်လာတဲ့ အထဲမှာပါတယ် ဆိုတာကိုတော့ အခုမှ သိရတယ်။ ဒါကြောင့်မို သူ့ကို စသိတုန်းကတော့ နိုင်ငံရေးနဲ့ သိပ်မဆိုင်ခဲ့ပါဘူး။

စိမ်းနဲ့ ဖြိုးဝေရေ- ဟုတ်တယ် အဘကတော့ တော်လှန်သင့်သူ အားလုံးကို တော်လှန်လာတဲ့ တကယ့် တော်လှန်ရေးသမားပဲ။

မြ၀တီဦးရဲခေါင်အကြောင်း လာဖတ်သွားပါတယ် မငယ်နိုင်၊ အားပေးလျက်ပါ။

မငယ်နိုင် မြဝတီဦးရဲခေါင် အကြောင်းဖတ်သွားတယ်။ အမြဲအားပေးနေတယ်။

ဖတ်ရတာ အားရှိလိုက်တာ။ ဒီလို လူမျိုးတွေ တိုင်းပြည်မှာ ရှားနေပြီ။ အဘက ဘာနဲ့ တူသလဲဆိုတော့ သမိုင်းစာအုပ်ကြီးနဲ့ တူနေပြီ။ များများ မေးပြီး များများတင်ပါ အမ။ အဘကို နေကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးတဲ့အကြောင်း စကားလေး လက်ဆင့်ကမ်းပေးပါအမ။

ကျေးဇူးအထူးတင်ပါတယ် အမ

အဘက စိတ်ထက်သန်လို့ဖြစ်မယ်...

အသက် ၈၆ နှစ်ရှိပေမယ့် လူမှုရေး၊ နိုင်ငံရေးတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နိုင်တယ်ဆိုတာ နည်းတဲ့ စိတ်ခွန်အားမဟုတ်လောက်ဘူး...

စာတွေတင်ပေးမယ်ဆို လာဖတ်ပါဦးမယ်...

းဝ)

ကိုအောင်၊ ဒီမိုဝေယံ၊ ဘလော့ဂါတို့ရဲ့ ဘလော့ဂါနဲ့ ကိုလူထွေးတို့ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ကျွန်မ လောလောဆယ် မအားပဲ ဖြစ်နေလို့ ဘယ်မှ ပြန်မလည်နိုင် ဖြစ်နေတဲ့အတွက် လာလည်သူအားလုံးကို တောင်းပန်ပါတယ်။

ဘလော့ဂါတို့ရဲ့ ဘလော့ဂါ ကိုယ်တိုင် အဘ ဦးရဲခေါင်ကို မေးချင်တာရှိရင်လည်း မေးလို့ရပါတယ်။ message တွေအားလုံးကို သူ့ဆီကို Print ထုတ်ပြီး ပို့ပေးပါတယ်။

ကိုလူထွေးရေ- အဘက စိတ်ဓါတ်ကြောင့်ပဲ ထင်တယ် ဦးနှောက်ဥာဏ်ရည် နဲ့ ပတ်သက်ပြီးရော ကိုယ်စိတ်နှစ်ပါးပါ ကျန်းမာတာ တွေ့ရတယ်။

အဘဦးရဲခေါင်ကို အသက်ရှည်ကာ စာများရေးနိုင်ဖို့ ဆုတောင်း ပဏာပြုပါတယ်၊ သူ့မြေးတွေ ဂျပန်မ တို့ တရုတ်မ တို့ကော မငယ်နိုင်နဲ့ တမြို့ထဲလားဗျ။

.
(ဒီ ကွန်မန့်ရဲ့ ခေါင်းစဉ် (အပြာရောင်စာသား) ကို နှိပ်ပြီး "အဘ မြ၀တီရဲခေါင် ၏ နာရေးသတင်း အစီအစဉ်" ကို ဖတ်နိုင်ပါတယ်။)


အဘ မြ၀တီရဲခေါင် ဈာပန -

ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့နေ BIA၊ BDA၊ ပြည်ချစ်တပ်မတော်၊ ABSDF တပ်မတော် ၄ ခုမှာ ပါဝင်ပြီး အင်္ဂလိပ်၊ ဂျပန်၊ စစ်အစိုးရအဆက်ဆက်ကို တော်လှန်ခဲ့သည့် ခေတ် ၄ ခေတ် တော်လှန်ရေးသမားကြီး
ဖြစ်သော လွတ်လပ်ရေးမော်ကွန်းဝင်ပထမအဆင့်ရ အဘ မြ၀တီရဲခေါင် (၈၉ နှစ်) သည် အဆုတ်ကင်ဆာ ရောဂါဖြင့် ၇-၃-၁၃ ရက်နေ့တွင် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ။

အဘ မြ၀တီရဲခေါင် ၏ ရုပ်ကလပ်ကို ၉-၃-၁၃ ရက်နေ့ တွင် ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့အနောက်ပိုင်း၊ Rockwood ဆင်ခြေဖုံးရှိ Rockwood သုသာန် (Lidcombe ဘူတာအနီး) တွင် မီးသဂြိုဟ်ပါမည်။