မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အဘ ဦးရဲခေါင်ခေါ် (မြ၀တီရဲခေါင်) ၏ နာရေးသတင်း အစီအစဉ်

 အဘ ဦးသာဆိုင် အမိဒေါ်ရွှေမှတ်တို့၏သား၊ ဒေါ်ခင်လှိုင်၏ ခင်ပွန်း၊ ကိုနေလင်းနှင့် ကိုမိုးကြယ်တို့၏ အဖေ အဘ မြ၀တီ ဦးရဲခေါင်သည် 21/01/1924 ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဖျာပုံမြို့တွင် မွေးဖွားခဲ့ပြီး 06/03/2013 ခုနှစ် အသက် ၈၉ နှစ်အရွယ်တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Aubrun Nursing Home တွင် ယနေ့နေ့လည် 13:15 နာရီတွင် ဘ၀တပါးသို့ ပြောင်းလဲကွယ်လွန်ခဲ့ပါသည်။ 

အဘဦးရဲခေါင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရေးတွင် ပါဝင်လာခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊  မြ၀တီမဂ္ဂဇင်း အယ်ဒီတာဟောင်း၊ ပြည်ချစ်တပ်မတော် ဗဟိုကော်မတီဝင်နှင့် အသံလွှင့်ဌာနမှူး၊ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုတွင် စိတ်ဓာတ်စစ်ဆင်ရေးဌာနတာဝန်ခံနှင့် လူငယ်ရေးရာ ဒုဥက္ကဌ၊ ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်သော ပိဋကတ်သုံးပုံ ပါဠိမှ မြန်မာလို ဘာသာပြန်ရာ၌ အဖွဲ့ဝင်တဦးဖြစ်သူ၊ ခေတ်ပြိုင်သတင်းစာ အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်လာခဲ့ရုံသာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲများတွင်လည်း နောက်ဆုံးအချိန်ထိ အရှုံးမပေး၊ ဒူးမထောက်ဘဲ တော်လှန် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ 

အဘ မြ၀တီရဲခေါင်၏ ရုပ်ကလပ်အား Auburn ရှိ Funeral Service တွင် ထားရှိသည်။ အဘဦးရဲခေါင်၏ အသိမိတ်ဆွေ သူငယ်ချင်းများအားလုံး နောက်ဆုံးအနေဖြင့် တွေ့ဆုံဂါဝရ ပြုရန်အတွက် 08/03/13 ရက်နေ့ ညနေ ၆ နာရီမှ ၇ အထိ စီစဉ်ထားပါသည်။ ၇ နာရီ နောက်ပိုင်းတွင် အဘဦးရဲခေါင်၏သား ကိုနေလင်း၏ နေအိမ် ဖြစ်သည့် 217, Park Road, Auburn တွင် ဈာပန အခမ်းအနားနှင့် ပတ်သက်သည့် အစီအစဉ်များအား ကျန်ရစ်သူ မိသားစုနှင့်အတူ အဘဦးရဲခေါင်၏ မိတ်ဆွေများက တွေ့ဆုံဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။ 


07/03/13 ရက် မနက်ဖြန် ကြာသပတေးနေ့တွင် အသက်ပျောက်ဆွမ်းနှင့် 12/03/13 ရက် အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကျွေး တရာတော်နာခြင်းအစီစဉ်ကို ကိုနေလင်းအိမ်တွင် ပြုလုပ်သွားမည်။

   ဈာပန အခမ်းအနားအား 9/03/13 တွင် Lidcobme ရှိ Rockwood သုသာန်တွင် မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း အဘဦးရဲခေါင်၏ ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများအား အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
ဦးနေလင်း - 614 24240983
ဦးသူရ - 614 21418449
ဦးအုန်းမြင့်- 612 96753280
ဦးမောင်မောင်သန်း - 614 4337816
ဦးဖိုးဇော် - 614 33725289
ဦးစိုးလွင် - 61412388263
ဦးသာနိုင် - 614 11871932
ဦးခင်မောင်ကျော် (ကိုဂဏန်း) - 614 21045091

အဘ မြ၀တီရဲခေါင်၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို  <http://nge-naing.blogspot.com.au/2009/10/blog-post_13.html > မှာဖတ်နိုင်ပါသည်။ ဓာတ်ပုံကို မြတ်သူ fb မှ ကူးယူထားပါသည်။ 


မြ၀တီ ရဲခေါင် လို့ပေးထားတဲ့ Label ကိုနှိပ်ပြီး အဘရေးထားတဲ့ ပို့စ်တွေကို ဖတ်နိုင်ပါတယ်။

အဘကောင်းရာသုဂတိ လားပါစေ။

 

3 comments:

ကူးယူသွားပါတယ်။
အဘကောင်းရာသုဂတိ လားပါစေ။

ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ BIA၊ BDA၊ ပြည်ချစ်တပ်မတော်၊ ABSDF တပ်မတော် ၄ ခုမှာ ပါဝင်ပြီး အင်္ဂလိပ်၊ ဂျပန်၊ စစ်အစိုးရအဆက်ဆက်ကို တော်လှန်ခဲ့တဲ့ ခေတ် ၄ ခေတ် တော်လှန်ရေးသမားကြီး ဖြစ်တဲ့ လွတ်လပ်ရေးမော်ကွန်းဝင်ပထမအဆင့်ရ အဘ မြ၀တီရဲခေါင် ၇-၃-၁၃ ရက်နေ့က အဆုတ်ကင်ဆာနဲ့ ဆုံးသွားလို့ စိတ်မကောင်းဖြစ်ရပါတယ်။

အဘ မြ၀တီရဲခေါင် ကောင်းရာဘုံဘဝ ရောက်ရှိပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဘ ကောင်းရာမွန်ရာကို ရောက်မယ် ဆိုတာကို ယုံကြည်ပြီးသားပါ။

သားထူး

.
(ဒီ ကွန်မန့်ရဲ့ ခေါင်းစဉ် (အပြာရောင်စာသား) ကို နှိပ်ပြီး အဘ မြ၀တီရဲခေါင် အကြောင်းကို ဖတ်ရှုလေ့လာနိုင်ပါတယ်။)


အဘ ဦးရဲခေါင် (မြ၀တီရဲခေါင်) ဟာ BIA (ဗမာ့လွတ်လပ်ရေးတပ်မတော်)၊ BDA (ဗမာ့ကာကွယ်ရေးတပ်မတော်)၊ ပြည်ချစ်တပ်မတော်၊ ABSDF (ကျောင်းသားတပ်မတော်) တပ်မတော် ၄ ခုမှာ ပါဝင်ပြီး မြန်မာပြည်သူတွေကို မတရား ဖိနှိပ်ပြီး အုပ်ချုပ်တဲ့ နယ်ချဲ့အင်္ဂလိပ်အစိုးရ၊ ဖက်ဆစ်ဂျပန်အစိုးရ၊ အာဏာရှင်နေဝင်း စစ်အစိုးရ၊ အာဏာရှင်သန်းရွှေ စစ်အစိုးရကို တော်လှန်ခဲ့သူ ဖြစ်ပါတယ်။

အဘ ဦးရဲခေါင်ဟာ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်လာခဲ့တဲ့၊ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို သယ်ပိုးလာခဲ့တဲ့၊ နိုင်ငံရေးစာပေတာဝန်ကို ထမ်းဆောင်လာခဲ့ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

ခေတ် ၄ ခေတ် အစိုးရ ၄ ဆက် တော်လှန်ရေးသမားကြီး အဘ ဦးရဲခေါင် (မြ၀တီရဲခေါင်) အကြောင်း ကို မြန်မာတိုင်း သိသင့်ပါတယ်။